Monday, May 19, 2008

မော်ကျွန်းကို လေ့လာရေးသွားသူများ ပြန်ရောက်ပြီ

စိတ္တသုခပရဟိတလူငယ်များမှ မော်လမြိုင်ကျွန်းမြို့သို့ ကွင်းဆင်းလေ့လာရေးသွားရောက်ခဲ့ကြရာ
ယနေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
စိတ္တသုခပရဟိတလူငယ်များအနေဖြင့် မော်လမြိုင်ကျွန်းဒေသသို့ သွားရောက်လေ့လာပြီး
ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ကျွန်းတွင် မူလတန်းကျောင်းတစ်ခုအား
ပြန်လည်ဆောက်လုပ်ပေးရန် စိစဉ်ခဲ့ပါသည်။
မိမိတို့ တတ်နိုင်သည့် ဓနိမိုးသက်ကယ်မိုး၊ ထရံကာ အဆောက်အအုံကို ဆောက်လုပ်ပေးရမည်ဖြစ်ပါသည်။
ထိုထက်ပိုပြီး လှူဒါန်းချင်ပါသည်။
ထို့ကြောင့် ပါဝင်လှူဒါန်းပေးကြပါရန် နှိုးဆော်အပ်ပါသည်။

Monday, May 12, 2008

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ ကွင်းဆင်းလေ့လာဆက်သွယ်မည်

စိတ္တသုခ ပရဟိတလူငယ်များအနေဖြင့်
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့တွင်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်
ပါဝင်လှူဒါန်းနိုင်ရန်အတွက် မန္တလေးမြို့မှ စိတ္တသုခပရဟိတလူငယ်အချို့
ယခု အပတ်အတွင်း မော်လမြိုင်ကျွန်းမြို့သို့ သွားရောက်ပြီး
ကူညီလှူဒါန်းနိုင်မည့် အခြေအနေများကို ကွင်းဆင်းလေ့လာကြည့်ရှုသွားမည်ဖြစ်ပါသည်။

လိုအပ်သည့်နေရာများကို စာရင်းပြုစုကာ
မော်လမြိုင်ကျွန်းမြို့မှ ကူညီပေးမည့်သူများနှင့်
ဆက်သွယ်မှုရယူသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့်
ပြန်လည်ထူထောင်တည်ဆောက်ရေးအတွက် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း
အသိပေးနှိုးဆော်အပ်ပါသည်။

Wednesday, May 7, 2008

နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသများအတွက် လှူဒါန်းရန်အစီအစဉ်

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက်

လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့

လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မုန်တိုင်းဒဏ်ခံစားရသော ဒေသများမှာ များစွာကျယ်ဝန်းလှသည့်အတွက်

မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုပြုနိုင်ရေးကိုသာ ရည်ရွယ်စီစဉ်လျက်ရှိပါသည်။

 

ပထမဦးစွာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ လှူဒါန်းနိုင်ရေး စီစဉ်လျက်ရှိပါသည်။

မော်လမြိုင်ကျွန်းမြို့ရှိ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရေး

လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

အများနှင့်ဆိုင်သော (ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်း)နေရာများကို

ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ပြန်လည် တည်ဆောက်နိုင်ရေး အလှူငွေပေးအပ်ခြင်း၊ ဆောက်လုပ်ရန်

စီစဉ်ပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

 

ရရှိသည့်အလှူငွေ ပမာဏပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ခံစားရသည့်သူများအား တိုက်ရိုက် လှူဒါန်းမှု ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း

မေလ တတိယပတ်လောက် အစောဆုံး သွားရောက်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့်

ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါကြောင်း . . . .

နာဂစ်မုန်တိုင်းဒဏ်ခံရသူများသို့ . . .

မေလ ၂ရက်နှင့်၃ရက်နေ့များတွင် တိုက်ခတ်သော

နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်

သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်ပျက်စီးခြင်းစသော

ပျက်စီးဆုံးရှုံးများခံစားရသည်ကို ကြားသိရပါသည်။

ထို့ကြောင့် ထိုသို့ ပျက်စီးဆုံးရှုံးမှုများ ခံစားရသူများနှင့်ထပ်တူ

စိတ္တသုခ ပရဟိတလူငယ်များကလည်း ၀မ်းနည်းကြေကွဲမိပါသည်။

 

စိတ္တသုခ ပရဟိတလူငယ်များအနေဖြင့်

မိမိတို့ တတ်နိုင်သမျှ ကူညီလှူဒါန်းသွားရန် ဆန္ဒရှိကြပါသည်။

 

နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများနှင့်ထပ်တူ

ကြေကွဲဝမ်းနည်းမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။