Friday, July 31, 2009

ဂျာနယ်က သတင်းပါ ..

စိတ္တသုခ သုံးနှစ်ပြည့်အလှူ သတင်းတိုလေးပါ ..

Thursday, July 30, 2009

သုံးနှစ်ပြည့်ပြီ

၂၀၀၉ ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)မှာ စိတ္တသုခ ပရဟိတလူငယ်များရဲ့
လှူဒါန်းမှုခရီးဟာ ၃ နှစ်ပြည့်မြောက်ပါပြီ။

၆ လ တစ်ကြိမ် လှူဒါန်းလာခဲ့တာ ၆ ကြိမ်မြောက်အလှူအဖြစ် မန္တလေး
နန်းတော်ရှေ့က အေးရိပ်မွန် မိဘမဲ့အမျိုးသမီးလေးများကျောင်းမှာ
အလှူလုပ်ကြပါတယ်။

အေးရိပ်မွန် မိဘမဲ့ အမျိုးကလေးများကျောင်းက ကျောင်းသူ ၁၂၀ ကျော်ကို ထမင်းကျွေးတယ်။
စာအုပ်စာတမ်းနဲ့ အသုံးအဆောင်များဖြစ်တဲ့ ပိုက်ဆံအိတ်၊ ဆပ်ပြာ
အစရှိတာတွေကို တစ်ယောက်ချင်းဝေပေးပါတယ်။

အလှူရှင်များကိုလည်း ကြာဇံဟင်းနဲ့ ဧည့်ခံပါသေးတယ်။

www.cittasukha.com

အလှူရှင်တစ်ယောက်ရဲ့ ကောင်းမှုကြောင့် www.cittasukha.com သုံးလို့ရပါပြီ။

အလှူသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးပါ့မယ်။