Thursday, December 30, 2010

စိတ္တသုခပရဟိတနဲ့အတူ လှူဒါန်းဖို့ ဖိတ်ခေါ်ပါရစေ ........

၅ နှစ်မြောက်အလှူအတွက် လှူဒါန်းမယ့် မိဘမဲ့ကလေးတွေနေတဲ့ ပရဟိတသာသနာ့ဝန်ဆောင်ကျောင်းကို
ဆရာတော် ဘဒ္ဒန္တပညာသာရ (ပရဟိတသာသနာပြု) ဦးစီး တည်ထောင် ထားတယ်။
နေရာက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်၊ ကျွဲဆည်ကန် သံလမ်းဘေး (မြ၀တီသီလရှင်တိုက်အနီး)၊ 
မဟာဝိဇိတာရာမတိုက် ပရဟိတသာသနာ့ဝန်ဆောင်ကျောင်းမှာပါ။
အုပ်ချုပ်သူ သံဃာတော် ၇ ပါးရှိတယ်။ မိဘမဲ့ ကိုရင် ၆၆ ပါး၊ ကျောင်းသား ၇ ယောက် နဲ့ ကျောင်းသူ ၃၂ ယောက်ရှိတယ်။
အားလုံးက ကျောင်းအိပ်ကျောင်းစား ဖြစ်ပါတယ်။
ကိုရင်၊ ကျောင်းသား၊ ကျောင်းသူတွေ က အတန်းပညာ တက် ရောက်သင်ယူ နေကြတယ်။
သူငယ်တန်းက လေးတန်းထိကိုတော့ ဘုန်းကြီးကျောင်းမှာပဲ ဘ/က ပညာရေးသင်ကြား ရတယ်။
ငါးတန်းက တက္ကသိုလ်ထိကိုတော့ သက်ဆိုင်ရာကျောင်းများမှာ ထားပေးပါတယ်။
ကလေးတွေရဲ့ ပညာရေးကို ဦးစားပေးဆောင်ရွက်ပေးနေပြီး
ကျန်းမာရေးအတွက် ဆေးဝါးဓာတ်စာနဲ့ အားကစားပစ္စည်းများ လိုအပ်ချက် တွေရှိနေပါတယ်။
ဆွမ်းစားဆောင်မှာပဲ ကလေးတွေ ညအိပ်ရတာမို့ အိပ်ဖို့ နေရာထိုင်ခင်း အပြည့်အစုံမရှိသေးပါဘူး။
နေ့စဉ်လိုအပ်ချက်အတွက် ဖြည့် ဆည်းပေးဖို့တိုက်တွန်းချင်ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်အနေနဲ့  တစ်နေ့တာ အဟာရ အတွက် ဒါနပြုပါမယ်။
ဆရာဝန်တွေအကူအညီနဲ့ တကိုယ်ရေ ကျန်းမာရေး စစ်ဆေး ပေးပါမယ်။
အားဆေး၊ ဖျားနာပျောက်ဆေး၊ ယားယံလိမ်းဆေး အစရှိတဲ့ လိုအပ်တဲ့ဆေးဝါးတွေကို ဖြည့်တင်းပေးပါမယ်။
အအေးဒဏ်ကို ကာကွယ် နိုင်မယ့် အနွေးထည်တွေကို ကုသိုလ်ပြုပါမယ်။
စိတ္တသုခပရဟိတလူငယ်နဲ့အတူ ကုသိုလ်ပါဝင်လိုတယ် ဆိုရင် အောက်ကစိတ္တသုခပရဟိလူငယ်များနဲ့ဆက်သွယ်လိုက်ပါ။
 
ကိုမန်းမောင် (၀၂-၉၁၀၂၈၂၁၇)
ကိုမောင်ဦး(၀၉-၂၀၂၀၀၉၈)
ကိုဖိုးရှမ်း (၀၉-၄၉၂၇၀၆၃၇)
ကိုသန်းဇော်(၀၂-၉၁၀၀၁၈၄၅)
ကိုကျော်မင်းဦး(၀၂-၉၁၀၂၇၁၄၇)
ကိုဘဦး(၀၉-၂၀၂၇၅၇၄)
မသီတာအောင် (၀၂-၉၁၀၁၈၈၅၇)
မကြူးကြူး (၀၉-၂၀၀၄၁၅၉)၊
 
email နဲ့ဆက်သွယ်မယ်ဆိုရင် 
 

၅ နှစ်ပြည့်အလှူ

စိတ္တသုခ ပရဟိတလူငယ်ရဲ့
၅နှစ်ပြည့် ၁၁ ကြိမ်မြောက် ခြောက်လတစ်ကြိမ်ပုံမှန်အလှူကို
ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) မှာ
ဆရာတော် ဘဒ္ဒန္တပညာသာရ (ပရဟိတသာသနာပြု)
ဦးစီးတည်ထောင်ထားတဲ့
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်၊
ကျွဲဆည်ကန် သံလမ်း (မြ၀တီသီလရှင်တိုက်အနီး)
မဟာဝိဇိတာရာမတိုက် ပရဟိတသာသနာ့ဝန်ဆောင်ကျောင်းမှာ
နေထိုင်စားသောက်ပညာသင်နေကြတဲ့ မိဘမဲ့ကလေးများကို
အဟာရဒါနအလှူ၊ ကျန်းမာရေးအလှူများပြုလုပ်ဆောင်ရွက်မှာမို့ အလှူကို
မျှဝေခံစားရင်း မုဒိတာပွားများရအောင်
စိတ္တသုခ ပရဟိတလူငယ်များက ဖိတ်ကြားပါတယ် ....
 
အစီအစဉ် ---------
မနက် ၈ နာရီကစပြီး တကိုယ်ရေကျန်းမာရေးစစ်ဆေးမှုပြုလုပ်မယ်။
၉း၃၀ နာရီ မှာ ရေစက်ချ တရားနာမယ်။ ၁၀း၃၀ နာရီမှာ ဆွမ်းကပ်လှူမယ်။
ဧည့်သည်တော်များကို နေ့လယ်စာနဲ့ဧည့်ခံပါမယ်။
မနက်ပိုင်းမှာပဲ ကလေးများ ကို ကယ်လီဂေးချားပန်းချီပုံများရေးဆွဲပေးမယ်။
ထမင်းစားပြီး နေ့ခင်းပိုင်းမှာ တော့ ဂိမ်းကစားမယ်။
အကအလှများနဲ့ဖျော်ဖြေမယ်။ သီချင်းဆိုကြမယ်။

Wednesday, December 29, 2010

၅ နှစ်ပြည့်ပြီ

စိတ္တသုခပရဟိတလူငယ်တွေ စုပေါင်းပြီး
ခြောက်လတစ်ကြိမ်လှူဒါန်းလာခဲ့တာ
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ
၅ နှစ်ပြည့်မှာဖြစ်ပါတယ်။