Sunday, May 22, 2011

၁၂ ကြိမ်အလှူကို ဇွန်လ ၁၂ ရက်နေ့မှာ လှူကြမယ်

ခြောက်လတစ်ကြိမ် ပုံမှန်လှူနေတဲ့ စိတ္တသုခ-ပရဟိတလူငယ်များက ၂၀၁၁-ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကမှာ ၁၂ ကြိမ်မြောက်အလှူကို ပခုက္ကူမြို့ ၁၅ ရပ်ကွက် အနီး က ခုနစ်အိမ်တန်း အနာကြီးရောဂါသည်ရိပ်သာမှာ သွားရောက်လှူဒါန်းကြမှာပါ။ ရိပ်သာမှာ အနာကြီးရောဂါသည် အိမ်ထောင်စု ၂၈ စုရှိပြီး လူဦးရေ ၁၀၀ ကျော် နေထိုင်ကြပါတယ်။ အနာကြီးရောဂါသည် ၁၉ ယောက်သာရှိပြီး ချို့ယွင်းလူနာ ၁၃ ယောက်နဲ့ ဆေးစားပြီး မချို့ယွင်းလူနာ ၆ ယောက်ရှိပါတယ်။

ကျောင်းတက်နေတဲ့ ကလေး ၂၅ ယောက်ရှိပြီး တက္ကသိုလ်တက်နေတာ ၁ ယောက်၊ အထက်တန်း ၁ ယောက်၊ အလယ်တန်း ၄ ယောက်၊ မူလတန်း အယောက် ၂၀ ရှိပါတယ်။ ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ ကျောင်းတက်မယ့်ကလေး အားလုံးအတွက် မဖြစ်မနေကျောင်းတက်နိုင်ရေးအတွက် ကျောင်းဝင်ကြေးကစလို့ စာရေးကိရိယာ တွေလှူဒါန်းပါမယ်။ အိမ်ထောင်စု ၂၈ စုအတွက် ဆေးဝါး၊  အစား အသောက်၊ အ၀တ်အစား၊ အသုံးအဆောင်တွေကို လှူဒါန်းကြမှာပါ။

ရိပ်သာမှာ  စာကြည့်တိုက်၊ ဆေးခန်းတည်ဆောက်နေပါတယ်။ လျှပ်စစ်မီးရရှိရေးအတွက် လည်း ကြိုးပမ်းနေတာ လျှပ်စစ်မီးသွယ်တန်းခွင့်ရရှိထားပြီဖြစ်သော်လည်း လျှပ်စစ် မီးသွယ်တန်းဖို့အတွက် ကုန်ကျစရိတ်များလိုအပ်နေတယ်လို့သိရပါတယ်။

အထီးကျန်ဆန်တဲ့ အနာကြီးရောဂါသည်မိသားစုတွေကို ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များက ၁၂ ကြိမ်မြောက် ပုံမှန် ခြောက်လပတ် အလှူမှာ လူသား ခြင်းစာနာပြီး အနာကြီးရောဂါသည်မိသားစုဝင်များကို နွေးထွေးမှုတွေပေးပြီး တတ် နိုင်တဲ့ ကူညီမှုတွေပေးမှာဖြစ်လို့ ကျွန်တော်တို့နဲ့အတူ ပါဝင်ကူညီလှူဒါန်းနိုင်တယ် လို့ ကုသိုလ်ရေးမို့ လက်မနှေးဖို့ လက်တို့ပါရစေဗျာ ....... ။

Monday, May 16, 2011

ကဆုန်လပြည့်နေ့မှာ စတုဒီသာ တိုက်ကျွေးမယ်

စိတ္တသုခ ပရဟိတလူငယ်များက ကဆုန်လပြည့်နေ့မှာ
စတုဒီသာ အအေးတိုက်ကျွေးဖို့ အစီအစဉ် ရှိပါတယ် ..
နေရာက မန္တလေး အောင်တော်မူဘုရားမှာပါ ...