Sunday, June 17, 2007
Friday, June 15, 2007
စတုတ္ထအကြိမ်အလှူ အောင်မြင်ပြီ
စိတ္တသုခ ပရဟိတ လူငယ်များရဲ့ စတုတ္ထအကြိမ်အလှူ
စိတ္တသုခ ပရဟိတ လူငယ်များရဲ့ စတုတ္ထအကြိမ်အလှူကို ၁၄-၆-၂၀၀၇ (ကြာသပတေးနေ့) နံနက်ပိုင်းမှာစစ်ကိုင်းမြို့ မြရတနာရပ် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှာ အောင်မြင်စွာ လှူဒါန်းပြီးစီးခဲ့ပါတယ်။
မန်းကနေ မနက် ၉နာရီလောက်မှာ ကားသုံးစီး(အကြီးနှစ်စီး၊ ဗင်န်တစ်စီး)နဲ့ စစ်ကိုင်းမြို့ကို ကမ်းနားလမ်းအတိုင်းထွက်ခွာခဲ့ကြပါတယ် . . .
၁၀နာရီခွဲလောက်မှာပဲ ကျောင်းကို ရောက်ခဲ့ပါတယ် . . ပစ္စည်းတွေချ နောက် ကျောင်းသား၊ကျောင်းသူလေးများကို တန်းစီစေပြီး တစ်ဦးချင်း ပစ္စည်းတစ်မျိုးစီဝေခဲ့ကြပါတယ် . .
ပစ္စည်းတွေများတော့ မမှားအောင် တစ်ဦးချင်းစီကို သေသေချာချာ ဘေးက တစ်ယောက်စီလိုက်လို့ ဝေကြတာ ပျော်စရာကြီးဗျာ . .
အားလုံးပျော်ပျော်ပါးပါးပေးနေဝေနေကြတာကို ကြည့်ရင်း ကိုယ်ပါရောပျော်လာရပါတယ် . .
ကလေးတွေကို မှားသွားမှာဆိုးလို့ လွယ်အိတ်ပေါ်မှာ နာမယ်တွေ ရေးပေးပါတယ် . .
ကလေးတွေရဲ့ အမူအယာတွေက ချစ်စရာပါ . . အပြစ်ကင်းတဲ့ ဖြူစင်ခြင်းတွေ တွေ့ရပါတယ် . . .
အားလုံးဝေငှပြီးတော့ ကျောင်းခန်းအတွင်း အခမ်းအနားသဘောလေး လုပ်ပါတယ် . .
ဆရာ၊ ဆရာမများကို ၀တ်စုံများပေးအပ်လှူဒါန်းပြီး ရွာကျောင်းက ဆရာတော်ကို လှူဖွယ်ခြင်း ဆက်ကပ်လှူဒါန်းပါတယ် . .
အဲဒီနောက်မှာတော့ ပါတယ်တဲ့ အ၀တ်အစားဟောင်းများကို ရွာထဲက လူတွေကို ဝေငှပေးခဲ့ပြီး
စိတ္တသုခတို့ အလှူအောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်ဗျာ . .
စုစုပေါင်း ကျောင်းသား၊ကျောင်းသူများကို ၁၃သိန်းကျော်ဖိုး ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီး
ကျောင်းလျှပ်စစ်မီးရရှိရေး ကုန်ကျငွေ သိန်း၇၀အတွက် ငွေကျပ်သုံးသိန်းမတည်လှူဒါန်းခဲ့ပါတယ် . . .
ဦးထိပ် ရဲ့ ဘလော့က ကူးထားတာပါ ထပ်မံတင်ပေးပါဦးမယ် . .
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
10:14 PM
0
comments
Monday, June 11, 2007
အလှူအတွက် ဒီလိုပြင်ဆင်ကြတယ်


Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
7:39 PM
0
comments
အလှူအတွက် အစီအစဉ်တစ်ချို့
စိတ္တသုခ-ပရဟိတလူငယ်များရဲ့ အလှူကို ဇွန် ၁၄ရက် ကြာသပတေးနေ့ နံနက် ၇နာရီမှာ သွားရောက်လှူဒါန်းကြပါမယ် . .
အခု လက်ရှိကျောင်းသားဦးရေကတော့ အမှတ်(၂၅)အမက မှာ ၁၃၈ ယောက်ရှိပါတယ် . .
ငါးတန်း တက်နေတဲ့ ကျောင်းသား၊ကျောင်းသူ ၆ ယောက်ရှိပါတယ် . . .
အားလုံးအတွက်ကို လှူဒါန်းရန် အဆင်သင့်ဖြစ်နေတဲ့ ပစ္စည်းများစွာ ရှိနေပါပြီ
ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းအလိုက် တစ်ခုစီရရှိမှာကတော့
ကျောင်းဝတ်စုံ
လွယ်အိတ်
ဗလာစာအုပ်
ကွန်ပါဗူး
ခဲတံ
ဘောပန်
ပေတံ
ခဲဖျက်
ခဲချွန်စက်
ထမင်းဗူး
ရေဗူး
တို့ဖြစ်ပါတယ်။
ကျောင်းက စာသင်ခန်း တစ်ခန်းချင်းဆီမှာလဲ ခဲချွန်စက် အကြီး တစ်လုံးစီ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
ကျောင်းမှာ ရှိတဲ့ ကျောင်းအုပ်ဆရာကြီးအပါအ၀င်၊ ဆရာ၊ဆရာမများ၊ ၀န်ထမ်းများအတွက် ၀တ်စုံတစ်စုံစီ ဖိနပ်အပါအ၀င် စီစဉ်ထားပါတယ်.
ရွာက ဘုန်းကြီးကျောင်းအတွက် လှူဖွယ်ခြင်းတစ်ခြင်း စီစဉ်ထားပါတယ်.
ကျောင်းက စာသင်ခန်းများတွင် ကပ်ရန် အတွက် ကျောင်းစာသင်ခန်းဆိုင်ရာ ပိုစတာများကိုလည်း စီစဉ်ထားပါတယ် . .
ကျောင်းစာသင်ခန်းများအတွက် စားပွဲခင်း၊ ပန်းအိုး၊ အခန်းလိုက်ကာများ စီစဉ်ထားပါတယ်.
ကျောင်းသား၊ ကျောင်းသူများအတွက်ကို မုန့်တစ်ချို့နဲ့ အချိုရည်ဗူး ပါပါမယ် . .
အခု အငယ်တန်း(သူငယ်တန်း)များအတွက် လေးကြောင်းမျဉ်းစာအုပ်များလည်း လှူဒါန်းပါမယ် . . .
ဗီရို တစ်လုံးပါ လှူဒါန်းရန် စီစဉ်နေပါတယ်. .
လိုအပ်ချက်တွေ ရှိရင် အကြံပေးနိုင်ကြပါတယ် . .
ကျွန်တော်တို့ အလှူသွားလုပ်မည့်အစီအစဉ်ကတော့
၁၄ရက် နံနက် ၇နာရီမှာ စုရပ်နှစ်ခုမှ ထွက်ခွာပါမယ် . .
လိုက်ပါလိုသူများအနေနဲ့ တစ်ဦးလျှင် သုံးထောင်ကျပ်ကျသင့်ပါမယ် . .
ခရီးစရိတ်နှင့်အတူ နေလယ်စာအဖြစ် ယူနီစန် ထမင်းဗူး တစ်ဗူးစီ ပါဝင်ပါတယ် . .
စစ်ကိုင်း မြရတနာရပ်က ကျောင်းမှာ အလှူလုပ်ပြီးလျှင် ကောင်းမှုတော်၊ ကံတလူ၊ တောင်သမန်အင်း ကို ၀င်ပါမယ် . . .
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
6:49 PM
1 comments
Sunday, June 10, 2007
အနီးကပ် စည်းဝေးကြပြီ
စိတ္တသုခ-ပရဟိတလူငယ်များ ၁၄ရက်နေ့ အလှူအတွက်
ယနေ့ ၁၀ရက် ၆ လ တနင်္ဂနွေနေ့မှာ အနီးကပ်
အစည်းအဝေးလုပ်ကြပါမယ် . .
ညနေ ၇နာရီမှာ အာကာမင်း လက်ဖက်ရည်ဆိုင်မှာ အစည်းအဝေးရှိပါတယ် . . .
အားလုံး အသေးစိတ်ညှိနှိုင်းစီစဉ်ကြပါတော့မယ် . . .
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
6:44 PM
0
comments
Friday, June 1, 2007
မြရတနာကျောင်းရဲ့ ကျောင်းသားစာရင်း
စစ်ကိုင်းမြို့၊ မြရတနာရပ် အမက(၂၅)ရဲ့
(၂၀၀၇-၂၀၀၈)ခုနှစ် ကျောင်းသားကျောင်းသူစာရင်း
သူငယ်တန်း ကျား(၁၁) + မ(၁၁) = ၂၂-ယောက်
ပထမတန်း ကျား(၂၀) + မ(၇) = ၂၇-ယောက်
ဒုတိယတန်း ကျား(၆) + မ(၁၃) = ၁၉-ယောက်
တတိယတန်း ကျား(၁၁) + မ(၈) = ၁၉-ယောက်
စတုတ္ထတန်း ကျား(၇) + မ(၁၇) = ၂၄-ယောက်
ပဉ္စမတန်း ကျား(၂) + မ(၄) = ၆-ယောက်
ကျောင်းသားကျောင်းသူစုစုပေါင်း = ၁၁၇ ယောက်
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
8:10 AM
0
comments