Sunday, May 20, 2007

2007 အမေနေ့ အခမဲ့ စက်ဘီး၊ဆိုင်ကယ်အပ်ခံမှု

အမေနေ့ အခမ်းအနားကို ပြာသိုလပြည့်(2-1-2007)က မန္တလေး ၀ိဇိတာရုံကျောင်းတိုက်မှာကျင်းပခဲ့ပါတယ် . ..
စိတ္တသုခ ပရဟိတလူငယ်များက အခမဲ့ စက်ဘီး၊ ဆိုင်ကယ်အပ်နှံမှု လက်ခံဆောင်ရွက်ပေးခဲ့ပါတယ် . .

အဲလိုဆောင်ရွက်ပေးလို့ အမေနေ့ ကျင်းပရေးကော်မတီက ဂုဏ်ပြု လှူဒါန်းငွေ ငါးသောင်းကျပ်နဲ့ ဂုဏ်ပြုလွှာ ချီးမြှင့်မှု ခံရပါတယ် . . .
အဆိုပါ ငါးသောင်းကျပ်ကို ပြင်ဦးလွင် အနီးစခန်း ဒိုးပင်အောင်ကံသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းကို လှူဒါန်းရာမှာ ထည့်သွင်းလှူဒါန်းနိုင်ခဲ့ပါတယ် . . .

စိတ္တသုခ ပရဟိတ လူငယ်များသည် လုပ်အားဖြင့်လည်း လှူဒါန်းကြတယ်ဆိုတာ သက်သေပြ နိုင်တဲ့ မှတ်တိုင်တစ်ခုပါ။