skip to main
|
skip to sidebar
Sunday, July 24, 2011
ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းခြင်း
၂၄-၇-၂၀၁၁ တနင်္ဂနွေနေ့ မနက် ၉ နာရီက စပြီး မန္တလေးမြို့ ၆၂ လမ်းပေါ်က ကုတင် ၃၀၀ ဆန့် သင်ကြားရေးဆေးရုံကြီး သွေးလှူဘဏ်မှာ ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းကြပါတယ်။
No comments:
Post a Comment
Older Post
Home
Subscribe to:
Post Comments (Atom)
ဒီနေ့ရက်စွဲ
Error loading feed.
တူညီသောလက် ကူသောလက်ဖြင့် လိုအပ်နေရာ အလင်းပေးကာ စိတ်ချမ်းသာဖို့ ဆောင်ရွက်နေတာ စိတ္တသုခ ပရဟိတ လူငယ်လေးတွေပါ .....
ရေးခဲ့ပါ .....
Blog Archive
▼
2011
(12)
▼
July
(2)
ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းခြင်း
ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းကြမယ်
►
June
(2)
►
May
(2)
►
January
(6)
►
2010
(8)
►
December
(3)
►
November
(5)
►
2009
(7)
►
August
(3)
►
July
(3)
►
January
(1)
►
2008
(15)
►
November
(4)
►
June
(1)
►
May
(4)
►
April
(5)
►
March
(1)
►
2007
(29)
►
December
(1)
►
October
(4)
►
August
(1)
►
July
(3)
►
June
(6)
►
May
(14)
About Me
စိတ္တသုခ-ပရဟိတလူငယ်
ကျွန်တော်တို့က ၀န်ထမ်းတွေ များပါတယ် . . . အလုပ်သမားပဲ ပြောရမလားပဲ လခစားတွေပေါ့ . . . ဒီတော့ တစ်လ တစ်လ ရတဲ့လခကို သုံးကြစွဲကြ မလောက်မငှကြားထဲက အလှူလုပ်ချင်ကြတယ်လေ . . တစ်ယောက်တည်းလုပ်ဆိုတော့လည်း မဖြစ်နိုင်ဘူး . . ဒီတော့ သူငယ်ချင်းတွေစုပြီး ခြောက်လ တစ်ခါလှူမယ်ဆိုပြီး တစ်လကို တစ်ယောက် တစ်ထောင်စီစုကြတယ် နောက် ဘယ်နေရာလှူကြမလဲတိုင်ပင်ကြတယ်ဗျာ . . လှူစရာနေရာတွေ့တော့ လှူကြတာပေါ့ . . ဖြူစင်ရိုးသားပြီး အရောင်မပါသူ လူငယ်များပါ . . မည်သူမဆို ဖြူဖြူစင်စင် အရောင်မဆိုးဘဲ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါတယ်
View my complete profile
ဒီလိုနေရာတွေမှာ လှူမယ်
မိဘမဲ့ ခိုကိုးရာမဲ့ ကလေးသူငယ်များကို စောင့်ရှောက်ထားသော ပရဟိတကျောင်းများ၊ ဌာနများ။ ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအား စောင့်ရှောက်ထားသည့် ဘိုးဘွားရိပ်သာများ။ ကိုယ်လက်အင်္ဂါ ချို့တဲ့ ချို့ယွင်းသူများ။ မသန်စွမ်းသူများ၊ ကျန်းမာရေးချို့တဲ့သူများအား ထိန်းသိမ်းစောင့်ရှောက်သည့်ဌာနများ။ မျက်မမြင်ကျောင်းများ၊ နားမကြားသောကလေးများကျောင်း၊ ကျန်းမာရေးဌာနများ၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးဌာနများ၊ ပြန်လည်ထူထောင်ရေးဌာနများ၊ သဘာဝဘေးဒဏ်ခံစားရသူများ သို့ ဘာသာ၊ လူမျိုးမရွေး ကုသိုလ်ပြုပါမယ်။
အလှူငွေ စုဆောင်းခြင်း
(က) လစဉ်ကြေးအလှူငွေ လစဉ်ကြေးအလှူငွေကို တစ်လလျှင် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်) သတ်မှတ်ပါတယ်။ ခြောက်လ တစ်ကြိမ် လှူဒါန်းခြင်းဖြစ်လို့ ခြောက်လစာ ခြောက်ထောင်ကျပ်ကို အလှူ မလှူဒါန်းမီ တစ်ပေါင်းတည်း တစ်ကြိမ်တည်းလည်း ပေးသွင်းလှူဒါန်းနိုင်ပါတယ် (ခ) သီးသန့်အလှူငွေ စေတနာရှင်များ၏ဆန္ဒအလျောက် အလှူငွေ(ပစ္စည်း)များကိုလည်း လှူဒါန်းနိုင်ပါတယ်။
လှူဒါန်းသည့်နေရာ ရွေးချယ်ခြင်း
(က) စေတနာရှင်များက မည်သည့်အရပ်ဒေသရှိ မည်သို့သော ဌာနတွင် လှူဒါန်းလိုကြောင်း ဆန္ဒပြုနိုင်ပါတယ် (ခ) နေရာကို စိတ္တသုခ ပရဟိတလူငယ်များ၊ စေတနာရှင်များ အများစုက အတည်ပြု ရွေးချယ်ကြပါမယ် (ဂ) စေတနာရှင်များက သီးခြားနေရာတွင် လှူဒါန်းလိုပါက စိတ္တသုခ ပရဟိတလူငယ်များက အလှူဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးပါတယ်။
ဆောင်ရွက်မည့် အစီအစဉ်
(က) ခြောက်လ တစ်ကြိမ် ပင်မ အလှူကို လှူဒါန်းခြင်း (ခ) နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း အောင်တော်မူမြတ်စွာဘုရားတွင် ဆီမီးပူဇော်ခြင်း၊ (ဂ) သီးသန့်အလှူရှင်များ၏ အလှူများဖြစ်မြောက်ရေး အကျိုးဆောင်ပေးခြင်း၊ (ဃ) သဘာဝဘေးအန္တရာယ်ကျရောက်ပါက လှူဒါန်းခြင်း၊ (င) လိုအပ်ပါက လုပ်အားဒါန လှူဒါန်းခြင်း။
No comments:
Post a Comment