Thursday, December 30, 2010

၅ နှစ်ပြည့်အလှူ

စိတ္တသုခ ပရဟိတလူငယ်ရဲ့
၅နှစ်ပြည့် ၁၁ ကြိမ်မြောက် ခြောက်လတစ်ကြိမ်ပုံမှန်အလှူကို
ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) မှာ
ဆရာတော် ဘဒ္ဒန္တပညာသာရ (ပရဟိတသာသနာပြု)
ဦးစီးတည်ထောင်ထားတဲ့
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်၊
ကျွဲဆည်ကန် သံလမ်း (မြ၀တီသီလရှင်တိုက်အနီး)
မဟာဝိဇိတာရာမတိုက် ပရဟိတသာသနာ့ဝန်ဆောင်ကျောင်းမှာ
နေထိုင်စားသောက်ပညာသင်နေကြတဲ့ မိဘမဲ့ကလေးများကို
အဟာရဒါနအလှူ၊ ကျန်းမာရေးအလှူများပြုလုပ်ဆောင်ရွက်မှာမို့ အလှူကို
မျှဝေခံစားရင်း မုဒိတာပွားများရအောင်
စိတ္တသုခ ပရဟိတလူငယ်များက ဖိတ်ကြားပါတယ် ....
 
အစီအစဉ် ---------
မနက် ၈ နာရီကစပြီး တကိုယ်ရေကျန်းမာရေးစစ်ဆေးမှုပြုလုပ်မယ်။
၉း၃၀ နာရီ မှာ ရေစက်ချ တရားနာမယ်။ ၁၀း၃၀ နာရီမှာ ဆွမ်းကပ်လှူမယ်။
ဧည့်သည်တော်များကို နေ့လယ်စာနဲ့ဧည့်ခံပါမယ်။
မနက်ပိုင်းမှာပဲ ကလေးများ ကို ကယ်လီဂေးချားပန်းချီပုံများရေးဆွဲပေးမယ်။
ထမင်းစားပြီး နေ့ခင်းပိုင်းမှာ တော့ ဂိမ်းကစားမယ်။
အကအလှများနဲ့ဖျော်ဖြေမယ်။ သီချင်းဆိုကြမယ်။

Wednesday, December 29, 2010

၅ နှစ်ပြည့်ပြီ

စိတ္တသုခပရဟိတလူငယ်တွေ စုပေါင်းပြီး
ခြောက်လတစ်ကြိမ်လှူဒါန်းလာခဲ့တာ
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ
၅ နှစ်ပြည့်မှာဖြစ်ပါတယ်။

Tuesday, November 16, 2010

စိတ္တသုခ တ-ကြိမ် ကထိန် ဓာတ်ပုံ - ၎

စိတ္တသုခ တ-ကြိမ် ကထိန် ဓာတ်ပုံ - ၎

စိတ္တသုခ တ-ကြိမ် ကထိန်ဓာတ်ပုံ - ၃

စိတ္တသုခ တ-ကြိမ် ကထိန်ဓာတ်ပုံ - ၃

စိတ္တသုခ တ-ကြိမ် ကထိန် ဓာတ်ပုံ - ၂


စိတ္တသုခ တ-ကြိမ် ကထိန် ဓာတ်ပုံ - ၂

စိတ္တသုခ ပရဟိတ လူငယ် (တတိယအကြိမ်မြောက် စုပေါင်းကထိန်) ဓာတ်ပုံများ -၁


စိတ္တသုခ ပရဟိတ လူငယ် (တတိယအကြိမ်မြောက် စုပေါင်းကထိန်) ဓာတ်ပုံများ -၁

တတိယအကြိမ်ကထိန်

စိတ္တသုခ ပရဟိတလူငယ်များရဲ့ တတိယအကြိမ် စုပေါင်းဘုံကထိန်ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က
စစ်ကိုင်းတောင် သရက်ပင်ဆိပ် ဟေမေသကချောင် သီလရှင်ကျောင်းတိုက်မှာ ကျင်းပပါတယ်။
စစ်ကိုင်းတောင်ရိုး သလ္လာဝတီကျောင်း ဆရာတော် အရှင်စန္ဒဇောတိ အမှူးပြုတဲ့ သံဃာတော် ငါးပါးအား
ကထိန်ခင်းကျင်း လှူဒါန်းတာဖြစ်ပါတယ်။