Monday, June 11, 2007

အလှူအတွက် အစီအစဉ်တစ်ချို့

စိတ္တသုခ-ပရဟိတလူငယ်များရဲ့ အလှူကို ဇွန် ၁၄ရက် ကြာသပတေးနေ့ နံနက် ၇နာရီမှာ သွားရောက်လှူဒါန်းကြပါမယ် . .

အခု လက်ရှိကျောင်းသားဦးရေကတော့ အမှတ်(၂၅)အမက မှာ ၁၃၈ ယောက်ရှိပါတယ် . .
ငါးတန်း တက်နေတဲ့ ကျောင်းသား၊ကျောင်းသူ ၆ ယောက်ရှိပါတယ် . . .

အားလုံးအတွက်ကို လှူဒါန်းရန် အဆင်သင့်ဖြစ်နေတဲ့ ပစ္စည်းများစွာ ရှိနေပါပြီ
ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းအလိုက် တစ်ခုစီရရှိမှာကတော့
ကျောင်းဝတ်စုံ
လွယ်အိတ်
ဗလာစာအုပ်
ကွန်ပါဗူး
ခဲတံ
ဘောပန်
ပေတံ
ခဲဖျက်
ခဲချွန်စက်
ထမင်းဗူး
ရေဗူး

တို့ဖြစ်ပါတယ်။
ကျောင်းက စာသင်ခန်း တစ်ခန်းချင်းဆီမှာလဲ ခဲချွန်စက် အကြီး တစ်လုံးစီ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

ကျောင်းမှာ ရှိတဲ့ ကျောင်းအုပ်ဆရာကြီးအပါအ၀င်၊ ဆရာ၊ဆရာမများ၊ ၀န်ထမ်းများအတွက် ၀တ်စုံတစ်စုံစီ ဖိနပ်အပါအ၀င် စီစဉ်ထားပါတယ်.

ရွာက ဘုန်းကြီးကျောင်းအတွက် လှူဖွယ်ခြင်းတစ်ခြင်း စီစဉ်ထားပါတယ်.

ကျောင်းက စာသင်ခန်းများတွင် ကပ်ရန် အတွက် ကျောင်းစာသင်ခန်းဆိုင်ရာ ပိုစတာများကိုလည်း စီစဉ်ထားပါတယ် . .

ကျောင်းစာသင်ခန်းများအတွက် စားပွဲခင်း၊ ပန်းအိုး၊ အခန်းလိုက်ကာများ စီစဉ်ထားပါတယ်.

ကျောင်းသား၊ ကျောင်းသူများအတွက်ကို မုန့်တစ်ချို့နဲ့ အချိုရည်ဗူး ပါပါမယ် . .

အခု အငယ်တန်း(သူငယ်တန်း)များအတွက် လေးကြောင်းမျဉ်းစာအုပ်များလည်း လှူဒါန်းပါမယ် . . .

ဗီရို တစ်လုံးပါ လှူဒါန်းရန် စီစဉ်နေပါတယ်. .

လိုအပ်ချက်တွေ ရှိရင် အကြံပေးနိုင်ကြပါတယ် . .


ကျွန်တော်တို့ အလှူသွားလုပ်မည့်အစီအစဉ်ကတော့
၁၄ရက် နံနက် ၇နာရီမှာ စုရပ်နှစ်ခုမှ ထွက်ခွာပါမယ် . .
လိုက်ပါလိုသူများအနေနဲ့ တစ်ဦးလျှင် သုံးထောင်ကျပ်ကျသင့်ပါမယ် . .
ခရီးစရိတ်နှင့်အတူ နေလယ်စာအဖြစ် ယူနီစန် ထမင်းဗူး တစ်ဗူးစီ ပါဝင်ပါတယ် . .

စစ်ကိုင်း မြရတနာရပ်က ကျောင်းမှာ အလှူလုပ်ပြီးလျှင် ကောင်းမှုတော်၊ ကံတလူ၊ တောင်သမန်အင်း ကို ၀င်ပါမယ် . . .

Sunday, June 10, 2007

အနီးကပ် စည်းဝေးကြပြီ

စိတ္တသုခ-ပရဟိတလူငယ်များ ၁၄ရက်နေ့ အလှူအတွက်
ယနေ့ ၁၀ရက် ၆ လ တနင်္ဂနွေနေ့မှာ အနီးကပ်
အစည်းအဝေးလုပ်ကြပါမယ် . .

ညနေ ၇နာရီမှာ အာကာမင်း လက်ဖက်ရည်ဆိုင်မှာ အစည်းအဝေးရှိပါတယ် . . .

အားလုံး အသေးစိတ်ညှိနှိုင်းစီစဉ်ကြပါတော့မယ် . . .

Friday, June 1, 2007

မြရတနာကျောင်းရဲ့ ကျောင်းသားစာရင်း

စစ်ကိုင်းမြို့၊ မြရတနာရပ် အမက(၂၅)ရဲ့
(၂၀၀၇-၂၀၀၈)ခုနှစ် ကျောင်းသားကျောင်းသူစာရင်း

သူငယ်တန်း ကျား(၁၁) + မ(၁၁) = ၂၂-ယောက်
ပထမတန်း ကျား(၂၀) + မ(၇) = ၂၇-ယောက်
ဒုတိယတန်း ကျား(၆) + မ(၁၃) = ၁၉-ယောက်
တတိယတန်း ကျား(၁၁) + မ(၈) = ၁၉-ယောက်
စတုတ္ထတန်း ကျား(၇) + မ(၁၇) = ၂၄-ယောက်
ပဉ္စမတန်း ကျား(၂) + မ(၄) = ၆-ယောက်

ကျောင်းသားကျောင်းသူစုစုပေါင်း = ၁၁၇ ယောက်

Friday, May 25, 2007

ခရီးစဉ်

စိတ္တသုခ-ပရဟိတလူငယ်တို့ ဇွန် ၁၄ရက် သွားလှူတဲ့အခါမှာ
စစ်ကိုင်း မြရတနာရပ် အမှတ်(၂၅) အမက ကျောင်းကို အရင်သွားပါမယ် . .
အဲဒီမှာ လှူဒါန်းခြင်း အစီအစဉ်များ ပြုလုပ်ပါမယ် . . .

အလှူအောင်မြင်ပြီ ဆိုရင်တော့
ကျွန်တော်တို့ ကံတလူဘုရားကို သွားပါမယ် . .. အဲဒီက အပြန် ကောင်းမှုတော် ဘုရားဝင်ပါမယ် . . .

အချိန်ရရင် တောင်သမန် ဦးပိန်တံတား ၀င်ပါမယ် . . . .

ကြားထဲ မှာ ထမင်းစားဖို့ စီစဉ်နေပါတယ် . .

အခုတော့ လူ၅၀ဆံ့တဲ့ ကားငှားဖို့ ပြောထားပါတယ်
ကားခကို အားလုံး ကျသင့်သလောက် စုပြီး ပေးကြပါမယ် . ..
ထမင်းစားတာကိုလည်း အဲလိုပါပဲ ကိုယ့်စားရိတ်နဲ့ကိုယ်ပေါ့ . .
အလှူရှင်ပေါ်ရင်တော့ တစ်မျိုးပေါ့ . . .

အလှူငွေထဲက တတ်နိုင်သမျှ အသုံးစရိတ်ကို မသုံးဖို့ ဆုံးဖြတ်ထားပါတယ် . ..

မနက်ဖြန် ကျွန်တော်တို့ စစ်ကိုင်း အမက (၂၅)ကို ရောက်ဖြစ်မယ်ထင်တယ် . . .
အဲဒီကျမှ ကျောင်းသား၊ကျောင်းသူ စာရင်း အတိအကျ တင်ပေးပါ့မယ် . . .

Monday, May 21, 2007

စစ်ကိုင်း မြရတနာ အမကကျောင်း

စစ်ကိုင်းမြို့၊ မြရတနာရပ်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း

အဲဒီကျောင်းက ကျောင်းသား၊ကျောင်းသူများရဲ့ ဘ၀က သနားစရာပါဗျာ . .








လူချင်းတူတူ အခွင့်အရေး တန်းတူမရခဲ့တဲ့ သူတွေပါ . . .
တစ်ချိန်က လူတွေရဲ့ အပစ်ပယ်ခံ လူတွေပေါ့ . .

သူတို့ဘ၀ ကို ကယ်တင်အလင်းရောင်ပေးခဲ့ကြပေမယ့် မပြည့်မစုံနဲ့အခုအချိန်အထိ လူတွေကြားမှာ
လူတိုင်းနဲ့ ပုခုံးချင်းယှဉ်မနေနိုင်ကြဘူးလေ . .

သူတို့ကလေးတွေရဲ့ မိဘတွေမှာ ရှိခဲ့တဲ့ ပြစ်ချက်က သူတို့အတွက် ပိတ်ပင်မှုကြီး ဖြစ်နေကြတယ်.
သူတို့ ကျောင်းနေမယ်ဆိုတော့ ကျောင်းကလက်မခံချင်ကြဘူးလေ . .
ကလေးငယ်တွေရဲ့ ဘ၀ကို အရိပ်မည်းကြီးက အုပ်မိုးနေတာလေ . . .

ဒါနဲ့ပဲ ဒီမူလတန်းကျောင်းလေး ဖြစ်လာခဲ့ရတာ . .

ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်ရှိပါတယ် . .
အားလုံးက တစ်ရွာထဲက ပါ . .

စာနာမှုမရှိတဲ့ လူတွေက ပစ်ပယ်ထားကြတယ် . . .
စာနာတတ်သူတွေက ကူညီကယ်တင်တယ် . .

သူတို့ဘ၀လေးတွေ အရောင်ပြောင်းပြီး ဘ၀ကို တည်ငြိမ်စွာ တည်ဆောက်နိုင်ဖို့က စာနာနားလည်သူတွေ အများကြီးလိုအပ်နေပါတယ် . . .

ခင်ဗျားရော သူတို့အပေါ် စာနာနိုင်မလား . . .

သူတို့က သန့်စင်တဲ့ ပန်းလေးတွေပါ . .
သူတို့ ရဲ့ မိဘ အဘိုးအဘွား များရဲ့ အရိပ်မည်းက သူတို့ကို ညှိုးနွမ်းစေခဲ့တယ်လေ . . .

သူတို့က အနာကြီးရောဂါဆိုတဲ့ တစ်ချိန်က ကြောက်ကြတဲ့ ရောဂါသည်တို့ရဲ့ သား၊သမီးတွေပေါ့ . .
အခုတော့ ပျောက်ကင်းသွားတဲ့ ရောဂါဆိုး . . .
ဒါပေမယ့် အရိပ်မည်းက ကျန်နေဆဲပါ . .

အဲဒီအရိပ်မည်းကြီးကို ကျွန်တော်တို့ ၊ ခင်ဗျားတို့ရဲ့ စေတနာ မေတ္တာနဲ့ ဖယ်ရှားကြရအောင်လားဗျာ . .

ကျွန်တော်တို့နဲ့ အတူ ပါဝင်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ ငွေအား၊ လူအား အကြင်နာ မေတ္တာတွေကို ပြသပြီး

ကလေးငယ်တွေပေါ် ဖုံးလွှမ်းနေတဲ့ အရိပ်မည်းကြီးကို မေတ္တာတရားဆိုတဲ့ အလင်းရောင်ခြည်ပေးရအောင်ဗျာ . . .

ပါဝင်လှူဒါန်းမယ်ဆိုရင် ဘလော့မှာ ၀င်ရေးခဲ့လည်းရပါတယ် ........

နောက်မေးလ်ပို့လည်းရပါတယ်ဗျာ . .
cittasukha@gamil.com


သြော်
ကျွန်တော်တို့ ဇွန်လ ၁၄ရက်နေ့လောက်သွားလှူမယ်ဗျာ . .
ကိုယ်တိုင် လိုက်ခဲ့လို့ရတယ်နော် . .

လိုအပ်နေတာက မေတ္တာတရားပါ . . .


လူသားချင်းတူပေမယ့် လူတွေက လက်မခံသော ကလေးငယ်များအတွက် . . .
မေတ္တာရောင်ခြည် ပေးကြရအောင်ဗျာ . . .

စတုတ္တအကြိမ်အတွက် ..........

စတုတ္တအကြိမ်အလှူအတွက် မနေ့ညနေ(၇)နာရီမှာ စိတ္တသုခ-ပရဟိတလူငယ်များ တွေ့ဆုံပွဲလေးလုပ်ခဲ့ပါတယ် ...... ၃၂x၆၈ လမ်းဒေါင့်က အာကာမင်းလက်ဖက်ရည်ဆိုင်မှာပါ ......

အကြမ်းဆုံးဖြတ်ထားကြတာကတော့

စစ်ကိုင်းမြို့၊ မြရတနာရပ်ကွက်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှာ လှူမယ်လို့ ဆုံးဖြတ်ထားပါတယ် . .

စိတ္တသုခ-ပရဟိတလူငယ်များ လှူဒါန်းမည့်နေရာသို့ ကြိုတင်သွားရောက်လေ့လာစဉ် ........





2006 သီတင်းကျွတ် မီးထွန်းပွဲ

၂၀၀၆-ခုနှစ် သီတင်းကျွတ်လပြည့်နေ့ညမှာ အောင်တော်မူဘုရားမှာ ဆီမီးထွန်းကြတယ် .....

နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့ညတိုင်းမှာ အောင်တော်မူဘုရားမှာ ဆီမီးထွန်းကြတာပါ .....