Friday, January 2, 2009
Thursday, November 20, 2008
ကျောင်းဆောက်လှူဒါန်းကြမည် .. ကုသိုလ်ပါဝင်နိုင်သည်။
မန္တလေးမြို့မှ စိတ္တသုခ ပရဟိတလူုငယ်များအနေနဲ့ ခြောက်လတစ်ကြိမ်
ပုံမှန်အလှူ လှူဒါန်းလျက်ရှိရာ ၂၀၀၉ ဇန်န၀ါရီလတွင်ကျရောက်မည့် ခြောက်လ
ပုံမှန်အလှူအတွက် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အောင်ချမ်းသာတောရကျောင်း
အား အသစ်ဆောက်လုပ် လှူဒါန်းရန် ရွေးချယ်သတ်မှတ်လိုက်ပြီဖြစ်သည်။
စိတ္တသုခ ပရဟိတလူငယ်များသည် မန္တလေးမြို့တွင် နေထိုင်ကြသော
သူငယ်ချင်းများအနေဖြင့် အလှူဒါနပြုလုပ်ရန်အတွက် တစ်လလျှင် ငွေကျပ်
တစ်ထောင်စီ စုဆောင်းပြီး ခြောက်လလျှင် တစ်ကြိမ်ကျ
လှူဒါန်းကြခြင်းဖြစ်သည်။
ထို့အပြင် သီးခြား အလှူများအဖြစ် မြစ်ငယ်ရေဘေး၊ မီးဘေးသင့်သူများ၊
နာဂစ်မုန်တိုင်းခံစားရသူများစသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါကလည်း
လှူဒါန်းခဲ့ကြသည်။
သီတင်းကျွတ်လပြည့်နေ့တွင် အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူဘုရားရှေ့တွင်
နှစ်စဉ် ဆီမီးထွန်းပူဇော်ကြသည်။
ယခု နှစ်တွင် ပထမအကြိမ် စုပေါင်းဘုံကထိန်ပွဲကိုလည်း အောင်မြင်စွာ
ကျင်းပနိုင်ခဲ့သည်။
လစဉ်ခြောက်လ အလှူအဖြစ် ယခုအပတ်တွင် ပုသိမ်ကြီးမြို့နယ်
လိန်ပင်တိုးချဲ့ကျေးရွာအနီးရှိ အောင်ချမ်းသာ တောရကျောင်းအား ကျောင်းအသစ်
ဆောက်လုပ်လှူဒါန်းမည်ဖြစ်သည်။
အောင်ချမ်းသာ တောရကျောင်းသည် လက်ရှိအနေအထားတွင် ထရံကာ၊ ကပ်မိုး
နှစ်ခန်းxတစ်ခန်း ကျောင်းသာဖြစ်သည်။ ကပ်မိုးမှာ ကြယ်မြင်လမြင်ဖြစ်နေသည်။
ထို့အတူ ထရံများမှာလည်း ပေါက်ပြဲလျက်ရှိသည်။ အခင်းမှာ ကုတင်နှစ်လုံးကို
ခင်းထားပြီး ကျန်အပိုင်းတွင် ၀ါးကြမ်း ကို ခင်းထားသည်။
ထို့ကြောင့် ယခုအပတ်အလှူအဖြစ် အဆိုပါကျောင်းအား အလှူငွေပေါ်မူတည်ပြီး
ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်သည်။
လက်ရှိအားဖြင့် အလှူရှင်တစ်ဦးက အမိုးအတွက် မတည်လှူဒါန်းရာမှ
ဆက်လက်လှူဒါန်းကြရာ သွပ်မိုးအတွက် အလှူငွေ များလက်ခံရပြီးဖြစ်သည်။
နှစ်ခန်း၊ တစ်ခန်းခွဲ အဆောက်အအုံဆောက်လုပ်မည် ဟု ရည်မှန်းထားသည်။ အောက်ခံ
ကျင်တွယ် ကွန်ကရစ်တွင် သစ်မာ ငါးပတ်လည်တိုင်ထူပြီးလျှင် အလှူငွေ
ပေါ်မူတည်ပြီး ကြမ်းခင်းအား အချော၊ အကြမ်း ခင်းမည်ဖြစ်သည်။
ထို့အတူ အကာ အတွက်မှာလည်း အလှူရှင်ပေါ်မူတည်ပြီး ဆောက်လုပ်ရမည်ဖြစ်သည်။
ခန့်မှန်းကုန်ကျစရိတ်အဖြစ်
အမိုး ၃သိန်း
အကာ ထရံ ၂သိန်း
ပျဉ်ထောင် အကြမ်း ၅သိန်း၊ ပျဉ်ထောင်အချော ၈သိန်း
အခင်း ပျဉ်အကြမ်း ၅သိန်း၊ ပျဉ်အချော ၈သိန်း
တိုင်နှင့်လိုအပ်သည့်သစ် ၂တန်ခန့် ၈သိန်း
လက်သမားခနှင့်အခြားလိုအပ်မှုသုံး ၂သိန်း
ကုန်ကျမည် ဟု ခန့်မှန်းရသည်။
ထို့ကြောင့် အကြမ်းအားဖြင့် ကျောင်း အပြီးအစီး ၂၅သိန်းခန့် ကုန်ကျမည်ဖြစ်သည်။
ထို့ကြောင့် ပါဝင်လှူဒါန်းလိုပါက
များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
10:10 PM
0
comments
ပထမအကြိမ် ကထိန်
စိတ္တသုခ ပရဟိတ လူငယ်များ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ကို နိုဝင်ဘာ ၈ရက်
နံနက် ၁၀နာရီ က ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် အရှေ့ဘက်ရှိ အောင်ချမ်းသာ
တောရကျောင်းမှာ ကျင်းပပါတယ်။
ဦးစွာ သံဃာတော် ငါးပါးအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီးနောက် ကထိန်ရေစက်ချတရား
နာယူကြည်ညို ကြပါတယ်။
အဲဒီနောက် အောင်ချမ်းသာတောရ ဆရာတော် ထံသို့ ကထိန်လျာသင်္ကန်းကပ်လှူကြပြီး
ရေစက်ချ အနုမောဒနာခေါ်ဆိုကြပါတယ်။
စိတ္တသုခပရဟိတလူငယ်များစုပေါင်းပြီး အောင်ချမ်းသာတောရ ကျောင်းရှိ
ဆရာတော်နှစ်ပါးနှင့်ပင့်သံဃာသုံးပါးတို့အား စုစုပေါင်း ငွေကျပ်
၁၅သိန်းကျော်တန်ဖိုးရှိ လှူဖွယ် ပစ္စည်းများနှင့်ဝတ္ထုငွေများ
ဆက်ကပ်လှူဒါန်းပါတယ်။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
9:25 PM
0
comments
၂၀၀၈ သီတင်းကျွတ်ဆီမီးထွန်း မှတ်တမ်းဓာတ်ပုံ
ဓာတ်ပုံတွေအများအပြားတင်ချင်ပေမယ့် အင်တာနက်ကော်နက်ရှင်မကောင်းလို့ နှစ်ပုံပဲ အရင်တင်ပေးလိုက်တယ် ...
အဆင်ပြေရင် ထပ်တင်ပေးဦးမှာပါ ....
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
7:19 PM
0
comments
၂၀၀၈ သီတင်းကျွတ်ဆီမီးထွန်းကြတယ်
ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော် မူပြီးနောက် လူပြည်သို့ သက်ဆင်းတော်မူသည့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားရှင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်စူး၍ ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါတယ်။
၎င်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသောအားဖြင့် စိတ္တသုခ ပရဟိတလူငယ်များက နှစ်စဉ်နှစ်တိုင်း အောင်တော်မူဘုရားဝင်းအတွင်းရှိ နှစ်ကျိတ်ရှစ်ဆူဘုရားတန်စောင်းရှေ့တွင် ဆီမီးထွန်းညှိပူဇော်ကြရာ ယခုနှစ်တွင်လည်း ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ကြပါတယ်။ လူငယ် ၅၀ နီးပါးပါဝင်ကြပြီး နံနက်ပိုင်းအချိန်ကထည်းက ပုံဖော်ဆီးမီးထွန်းရန်အတွက် ပြင်ဆင်ကြပါတယ်။
ကြာပန်းပုံ၊ အပွင့်အခက်များ၊ ကန်တော့နေသောလက်ပုံ နှင့်အတူ စိတ္တသုခ၊ သတ္တ၀ါအပေါင်းစိတ်ချမ်းသာကြပါစေ ဆိုသောဆုတောင်းစာတမ်းကိုပါ ဆီမီးခွက်များဖြင့် ပုံဖော်ကာ ဆီမီးထွန်းကြပါတယ်။
ဘုရားဝင်းထဲမှာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကထဲက ကြွေပြားတွေခင်းထားတော့ ဆီကြောင့် ချောလဲတတ်တာကြောင့် အခုနောက်ပိုင်းမှာ ဆီမီးထွန်းတာကို ခွင့်မပြုတာပဲ ဖယောင်းတိုင်မီးသာ ထွန်းရတယ်။ အချိန်ကြာကြာခံနိုင်အောင် ဖယောင်းတိုင် အတုတ်တွေကိုသုံးရတော့ ကုန်ကျ စရိတ်ပိုကုန်ပါတယ်။ ဒါပေမယ့်လည်း ကြာကြာအထွန်းခံတယ်။ မျက်စိပသာဒအတွက်ပေးစွမ်းနိုင်တယ်။ ကျွန်တော်တို့ ဆီမီးထွန်းတဲ့နေရာလေးမှာ လူအစည်းကားဆုံးပဲဗျာဟု စိတ္တသုခအဖွဲ့ဝင်တစ်ဦးကပြောကြားပါတယ်။
အောင်တော်မူ ဘုရားဝင်းအတွင်းမှာ စုစုပေါင်း ဆီမီးတစ်သောင်းနီးပါးလောက်ထွန်းညှိ ပူဇော်ကြပါတယ်။
လပြည့်နေ့ဖြစ်တာအညီ ဘုရားဖူးလာရောက်သူတွေလည်း အများအပြားရှိပြီး တိုးမပေါက်အောင်စည်ကားခဲ့ပါတယ်။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
7:13 PM
0
comments
Sunday, June 8, 2008
စိတ္တသုခ ပရဟိတ လူငယ်များ ပုံမှန် အလှူ လှူဒါန်း
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
11:44 PM
0
comments
Monday, May 19, 2008
မော်ကျွန်းကို လေ့လာရေးသွားသူများ ပြန်ရောက်ပြီ
စိတ္တသုခပရဟိတလူငယ်များမှ မော်လမြိုင်ကျွန်းမြို့သို့ ကွင်းဆင်းလေ့လာရေးသွားရောက်ခဲ့ကြရာ
ယနေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
စိတ္တသုခပရဟိတလူငယ်များအနေဖြင့် မော်လမြိုင်ကျွန်းဒေသသို့ သွားရောက်လေ့လာပြီး
ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ကျွန်းတွင် မူလတန်းကျောင်းတစ်ခုအား
ပြန်လည်ဆောက်လုပ်ပေးရန် စိစဉ်ခဲ့ပါသည်။
မိမိတို့ တတ်နိုင်သည့် ဓနိမိုးသက်ကယ်မိုး၊ ထရံကာ အဆောက်အအုံကို ဆောက်လုပ်ပေးရမည်ဖြစ်ပါသည်။
ထိုထက်ပိုပြီး လှူဒါန်းချင်ပါသည်။
ထို့ကြောင့် ပါဝင်လှူဒါန်းပေးကြပါရန် နှိုးဆော်အပ်ပါသည်။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
11:51 PM
0
comments



