Tuesday, June 14, 2011
Monday, June 13, 2011
၁၂ ကြိမ်မြောက်အလှူ အောင်မြင်စွာ လှူဒါန်းပြီးစီး
၁၂ ကြိမ်မြောက်အလှူကို ဇွန်လ ၁၂ ရက်နေ့က ပခုက္ကူမြို့ ၁၅ ရပ်ကွက် ခုနစ်အိမ်တန်း အနာကြီးရောဂါသည်များရိပ်သာမှာ သွားရောက်လှူဒါန်းခဲ့ကြပြီးဖြစ်ပါတယ်။
ကျပ်သိန်း ၂၀ ကျော်ဖိုးလှူဒါန်းနိုင်ခဲ့ပြီး လျှပ်စစ်မီးသွယ်တန်းနိုင်ရေးအတွက် အလှူငွေ ခြောက်သိန်းကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။
ခြောက်လတစ်ကြိမ် လိုအပ်နေရာတွေမှာ လှူဒါန်းလျက်ရှိတဲ့ စိတ္တသုခ ပရဟိတလူငယ်များရဲ့ ၁၂ ကြိမ်အလှူ ကို ဇွန်လ ၁၂ ရက်နေ့က ပခုက္ကူမြို့ ၁၅ ရပ်ကွက်အနီးရှိ ခုနစ်အိမ်တန်းအနာကြီးရောဂါသည်များရိပ်သာမှာ သွားရောက်လှူဒါန်းကြပါတယ်။ ခုနစ်အိမ်တန်းအနာကြီးရောဂါသည်များရိပ်သာမှာ အိမ်ထောင်စု ၂၈ စု ၊ လူဦးရေ ၁၀၀ ကျော်နေထိုင်ပါတယ်။ တက္ကသိုလ်အပါအ၀င် သူငယ်တန်းမှ အထက်တန်းထိ အတန်း အသီးသီး ကို တက်ရောက်ပညာသင်ယူနေကြတဲ့ ကျောင်းသူကျောင်းသား ၂၅ ယောက်ရှိပါတယ်။ ရိပ်သာမှာ ဓမ္မာရုံ၊ စာကြည့်တိုက်၊ ဆေးပေးခန်းတို့ရှိပြီး အ၀ိစိရေတွင်းမှ ရေစုပ်စက်နဲ့ ရေကိုလုံလောက်စွာ ပေးဝေနိုင်ပါတယ်။
အိမ်ထောင်စုတစ်စုကို စတီးအိုးအရွယ်စုံ ၅ လုံး၊ စတီးဖလား ၂ လုံး၊ စတီးသောက်ရေခွက် ၁ ခွက်၊ ဂွမ်းစောင် ကြီး ၁ ထည်၊ အ၀တ်အစားမျိုးစုံ၊ ဆပ်ပြာမှုန့်ထုတ်၊ ခေါင်းလျှော်ရည်၊ ခေါက်ဆွဲခြောက်၊ မုန့်မျိုးစုံတို့ကို လှူဒါန်း ကြပါတယ်။ အသက် ၆၀ အထက် အဖိုးအဖွားများအတွက် သီးသန့် စောင်အပါးတစ်ထည်စီနဲ့ အသုံးအဆောင် များ၊ ၃ နှစ်အောက်ကလေးများအတွက်ကိုလည်း သီးသန့်လှူဒါန်းကြပါတယ်။ ကျောင်းတက်လျက်ရှိတဲ့ ကျောင်းသူကျောင်းသားများအတွက် ကျောင်းအပ်နှံခြင်းအတွက် အကူအညီများပေးတဲ့အပြင် လွယ်အိတ်၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ကွန်ပါဘူး၊ ကျောင်းဝတ်စုံများကို လှူဒါန်းပါတယ်။ ကံစမ်းမဲစနစ်နဲ့ အင်္ကျီ၊ ကျောင်းအသုံးအဆောင်ပစ္စည်းများကို မဲဖောက်ပေးပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် အလှူငွေ ၆ သိန်းကို လည်းလှူဒါန်းပါတယ်။ ပခုက္ကူမြို့က ဆယ်တန်းကျောင်းသားတွေကို နေထိုင်စားသောက်ရေးနဲ့ ပညာဒါနပြု နေတဲ့ သန္တိသုခ ပရဟိတ ကျောင်းကို ငွေကျပ်တစ်သိန်း ငွေပဒေသာပင်စိုက်ထူကြပါသေးတယ်။ သန္တိသုခ ပရဟိတကျောင်းက သုံးနှစ်ဆက်တိုက် ရာနှုန်းပြည့်အောင်ချက်ကောင်းခဲ့ပြီး ဂုဏ်ထူးရှင်များစွာ မွေးထုတ်ပေး နိုင်ခဲ့ပါတယ်။
စိတ္တသုခပရဟိတလူငယ်များရဲ့ ၁၂ ကြိမ်မြောက် ခြောက်လပတ်ပုံမှန်အလှူ ပခုက္ကူခရီးစဉ်မှာ မန္တလေးမြို့က ဦးအုန်းငွေ (လူနဲ့လူ)၊ ပခုက္ကူမြို့က ဦးခင်မောင်မြင့်၊ တောမြိုင်သား သစ်ပင်စိုက်အဖွဲ့က အလှူမှာ အဆင်ပြေ ချောမွေ့ စေဖို့ ကိုယ်ရောစိတ်ပါ ပါဝင်ကူညီကြပါတယ်။ စိတ္တသုခ ပရဟိတလူငယ် ၃၀ နီးပါးက သွားရောက်လှူဒါန်းကြပြီး အလှူအပြီးမှာ ပခုက္ကူမြို့က သီဟိုဠ်ရှင်ဘုရား၊ ရွှေကူကြီးဘုရားနဲ့ ဒေသန္တရ ဗဟုသုတရရှိစေဖို့ သွားရောက်ကြပါတယ်။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
7:39 AM
0
comments
Sunday, May 22, 2011
၁၂ ကြိမ်အလှူကို ဇွန်လ ၁၂ ရက်နေ့မှာ လှူကြမယ်
ခြောက်လတစ်ကြိမ် ပုံမှန်လှူနေတဲ့ စိတ္တသုခ-ပရဟိတလူငယ်များက ၂၀၁၁-ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကမှာ ၁၂ ကြိမ်မြောက်အလှူကို ပခုက္ကူမြို့ ၁၅ ရပ်ကွက် အနီး က ခုနစ်အိမ်တန်း အနာကြီးရောဂါသည်ရိပ်သာမှာ သွားရောက်လှူဒါန်းကြမှာပါ။ ရိပ်သာမှာ အနာကြီးရောဂါသည် အိမ်ထောင်စု ၂၈ စုရှိပြီး လူဦးရေ ၁၀၀ ကျော် နေထိုင်ကြပါတယ်။ အနာကြီးရောဂါသည် ၁၉ ယောက်သာရှိပြီး ချို့ယွင်းလူနာ ၁၃ ယောက်နဲ့ ဆေးစားပြီး မချို့ယွင်းလူနာ ၆ ယောက်ရှိပါတယ်။
ကျောင်းတက်နေတဲ့ ကလေး ၂၅ ယောက်ရှိပြီး တက္ကသိုလ်တက်နေတာ ၁ ယောက်၊ အထက်တန်း ၁ ယောက်၊ အလယ်တန်း ၄ ယောက်၊ မူလတန်း အယောက် ၂၀ ရှိပါတယ်။ ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ ကျောင်းတက်မယ့်ကလေး အားလုံးအတွက် မဖြစ်မနေကျောင်းတက်နိုင်ရေးအတွက် ကျောင်းဝင်ကြေးကစလို့ စာရေးကိရိယာ တွေလှူဒါန်းပါမယ်။ အိမ်ထောင်စု ၂၈ စုအတွက် ဆေးဝါး၊ အစား အသောက်၊ အ၀တ်အစား၊ အသုံးအဆောင်တွေကို လှူဒါန်းကြမှာပါ။
ရိပ်သာမှာ စာကြည့်တိုက်၊ ဆေးခန်းတည်ဆောက်နေပါတယ်။ လျှပ်စစ်မီးရရှိရေးအတွက် လည်း ကြိုးပမ်းနေတာ လျှပ်စစ်မီးသွယ်တန်းခွင့်ရရှိထားပြီဖြစ်သော်လည်း လျှပ်စစ် မီးသွယ်တန်းဖို့အတွက် ကုန်ကျစရိတ်များလိုအပ်နေတယ်လို့သိရပါတယ်။
အထီးကျန်ဆန်တဲ့ အနာကြီးရောဂါသည်မိသားစုတွေကို ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များက ၁၂ ကြိမ်မြောက် ပုံမှန် ခြောက်လပတ် အလှူမှာ လူသား ခြင်းစာနာပြီး အနာကြီးရောဂါသည်မိသားစုဝင်များကို နွေးထွေးမှုတွေပေးပြီး တတ် နိုင်တဲ့ ကူညီမှုတွေပေးမှာဖြစ်လို့ ကျွန်တော်တို့နဲ့အတူ ပါဝင်ကူညီလှူဒါန်းနိုင်တယ် လို့ ကုသိုလ်ရေးမို့ လက်မနှေးဖို့ လက်တို့ပါရစေဗျာ ....... ။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
8:25 AM
0
comments
Monday, May 16, 2011
ကဆုန်လပြည့်နေ့မှာ စတုဒီသာ တိုက်ကျွေးမယ်
စတုဒီသာ အအေးတိုက်ကျွေးဖို့ အစီအစဉ် ရှိပါတယ် ..
နေရာက မန္တလေး အောင်တော်မူဘုရားမှာပါ ...
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
6:48 PM
0
comments
Thursday, January 13, 2011
Wednesday, January 12, 2011
စုပေါင်းသွေးလှူကြပါတယ် ....
ဇန်န၀ါရီလ ၉ ရက်နေ့ မနက်ပိုင်းက
မန္တလေးမြို့ ၆၂ လမ်းက ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံ သွေးလှူဘဏ်မှာ
စိတ္တသုခပရဟိတလူငယ်များ စုပေါင်းသွေးလှူကြပါတယ် ....
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
12:34 AM
0
comments
ရွှေမြန်မာ ဂျာနယ်မှာပါတဲ့ စိတ္တသုခ ပရဟိတလူငယ် ၅ နှစ်ပြည့် အလှူသတင်းပါ
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
12:33 AM
0
comments














