Thursday, January 13, 2011
Wednesday, January 12, 2011
စုပေါင်းသွေးလှူကြပါတယ် ....
ဇန်န၀ါရီလ ၉ ရက်နေ့ မနက်ပိုင်းက
မန္တလေးမြို့ ၆၂ လမ်းက ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံ သွေးလှူဘဏ်မှာ
စိတ္တသုခပရဟိတလူငယ်များ စုပေါင်းသွေးလှူကြပါတယ် ....
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
12:34 AM
0
comments
ရွှေမြန်မာ ဂျာနယ်မှာပါတဲ့ စိတ္တသုခ ပရဟိတလူငယ် ၅ နှစ်ပြည့် အလှူသတင်းပါ
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
12:33 AM
0
comments
Wednesday, January 5, 2011
စိတ္တသုခ ၅ နှစ်ပြည့် အလှူ အောင်မြင်စွာ ကျင်းပပြီးစီး
သတ္တ၀ါအပေါင်း စိတ်ချမ်းသာစေဖို့ ကူညီပေးနေတဲ့ စိတ္တသုခ ပရဟိတလူငယ်ရဲ့ ၅နှစ်ပြည့် ၁၁ ကြိမ် မြောက် ခြောက်လတစ်ကြိမ်ပုံမှန်အလှူကို ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)က ပရဟိတသာသနာ ပြုဆရာတော် ဘဒ္ဒန္တပညာသာရ ဦးစီးတည်ထောင် ထားတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြ သာယာရပ်၊ ကျွဲဆည်ကန် သံလမ်းဘေးရှိ မဟာ ၀ိဇိတာရာမတိုက် ပရဟိတသာသနာ့ဝန်ဆောင် ကျောင်းမှာ နေထိုင်စားသောက်ပညာသင်နေကြတဲ့ မိဘမဲ့ကလေးများကို အဟာရဒါနအလှူ၊ ကျန်းမာရေးအလှူများပြုလုပ်ဆောင်ရွက်ကြပါတယ်။
မနက် ၈ နာရီမှာ တကိုယ်ရေကျန်းမာရေး စစ်ဆေး မှုများကို ဆရာဝန်များဖြစ်တဲ့ ဒေါက်တာရဲမြင့်၊ ဒေါက်တာ ရန်နောင်အေး၊ ဒေါက်တာထွန်းထွန်းနောင်း၊ ဒေါက်တာနှင်းသီတာချို တို့ဦးဆောင်ပြီး စစ်ဆေးပေးပါ တယ်။
မနက် ၉း၃၀ နာရီမှာ လှူဒါန်းမှု အစုစု အတွက် ရေစက်ချ တရားနာပါတယ်။ အဲဒီနောက်မှာတော့ သံဃာတော်များကို ဆွမ်းကပ်လှူကြပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို ရှမ်းမလေးက မှာယူ ထားတဲ့ ကြက်ဆီထမင်းနဲ့ နေ့လည်စာ တည်ခင်းဧည့်ခံပါတယ်။
နေ့ခင်းပိုင်းမှာ စိတ္တသုခပရဟိတလူငယ် များက အနွေးထည်၊ ခြေအိတ်၊ အ၀တ်အစားများ၊ ဆပ်ပြာ၊ မုန့်မျိုးစုံတို့ကို တစ်ဦးခြင်းဝေငှလှူဒါန်း ကြပါ တယ်။
Shells Entertainment က အလှူငွေငါးသောင်း၊ Gold Medal မုန့်တိုက်က ၃ ပေ x ၄ ပေ ရှိ ကိတ်မုန့်ကြီးတစ်လုံး၊ ရွှေအိုးပြည့် ဆန်ဆိုင်က တစ်တင်းခွဲဝင်ဆန်အိတ်ငါးပိုင်း ပါဝင်လှူဒါန်းကြပါသေးတယ်။
ညနေပိုင်းမှာ ကာတွန်း ဆရာ လေရူး၊ ကာတွန်းဆရာဝေယံ တို့က ကယ်လီဂေးချားပန်းချီပုံများရေးဆွဲပေးပါတယ်။ ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ရာ O2 Dancer အဖွဲ့၊ မော်ဒယ်သရုပ်ဆောင် မြယုဝေ တို့က အကအလှများနဲ့ ဖျော်ဖြေပြီး ပျော်ရွှင်ဖွယ်ရာ ဂိမ်းများကို ကစားကြပါတယ်။
ပရဟိတသာသနာ့ ၀န်ဆောင်ကျောင်းမှာ သံဃာတော် ၇ ပါး၊ ကိုရင် ၆၆ ပါး၊ ကျောင်းသား ၇ ယောက် နဲ့ ကျောင်းသူ ၃၂ ယောက်ရှိပါတယ်။ အားလုံးက ကျောင်းအိပ်ကျောင်းစား ဖြစ်ပြီး သူငယ်တန်းက လေးတန်းထိကိုတော့ ဘုန်းကြီးကျောင်း မှာပဲ ဘ/က ပညာရေးသင်ကြားကာ ငါးတန်းက တက္ကသိုလ်ထိကိုတော့ သက်ဆိုင်ရာ ကျောင်းများမှာ ပညာသင်ကြားစေပါတယ်။
ဆရာတော်က ကလေးတွေရဲ့ ပညာရေးကို ဦးစားပေး ဆောင်ရွက်ပေး လျက်ရှိကာ ကျန်းမာရေးအတွက် ဆေးဝါးဓာတ်စာနဲ့ အားကစားပစ္စည်းများ လိုအပ်ချက် တွေရှိနေ ပါတယ်။ ဆွမ်းစားဆောင်မှာပဲ ကလေးတွေ ညအိပ်ရတာမို့ အိပ်ဖို့ နေရာထိုင်ခင်းလည်းလိုအပ် နေပါ တယ်။ လိုအပ်ချက်တွေဖြည့်ဆည်းပေးချင်တယ်ဆိုရင် စိတ္တသုခပရဟိတလူငယ်များဖြစ်တဲ့ ကိုမန်းမောင် (၀၂-၉၁၀၂၈၂၁၇) ၊ ကိုမောင်ဦး (၀၉-၂၀၂၀၀၉၈)၊ ကိုကျော်မင်းဦး(၀၂-၉၁၀၂၇၁၄၇)၊ ကိုဘဦး(၀၉-၂၀၂၇၅၇၄)တို့ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
12:01 AM
0
comments
Tuesday, January 4, 2011
အလှူကိုဖိတ်ခေါ်ပါတယ်
လွတ်လပ်ရေးမှာကျင်းပမယ့် စိတ္တသုခ ပရဟိတလူငယ်တွေရဲ့ ၅ နှစ်မြောက်အလှူတော်ကို ဖိတ်ခေါ်ပါတယ် ........
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
12:48 AM
0
comments
Thursday, December 30, 2010
စိတ္တသုခပရဟိတနဲ့အတူ လှူဒါန်းဖို့ ဖိတ်ခေါ်ပါရစေ ........
၅ နှစ်မြောက်အလှူအတွက် လှူဒါန်းမယ့် မိဘမဲ့ကလေးတွေနေတဲ့ ပရဟိတသာသနာ့ဝန်ဆောင်ကျောင်းကို
ဆရာတော် ဘဒ္ဒန္တပညာသာရ (ပရဟိတသာသနာပြု) ဦးစီး တည်ထောင် ထားတယ်။
ဆရာတော် ဘဒ္ဒန္တပညာသာရ (ပရဟိတသာသနာပြု) ဦးစီး တည်ထောင် ထားတယ်။
နေရာက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်၊ ကျွဲဆည်ကန် သံလမ်းဘေး (မြ၀တီသီလရှင်တိုက်အနီး)၊
မဟာဝိဇိတာရာမတိုက် ပရဟိတသာသနာ့ဝန်ဆောင်ကျောင်းမှာပါ။
အုပ်ချုပ်သူ သံဃာတော် ၇ ပါးရှိတယ်။ မိဘမဲ့ ကိုရင် ၆၆ ပါး၊ ကျောင်းသား ၇ ယောက် နဲ့ ကျောင်းသူ ၃၂ ယောက်ရှိတယ်။
အုပ်ချုပ်သူ သံဃာတော် ၇ ပါးရှိတယ်။ မိဘမဲ့ ကိုရင် ၆၆ ပါး၊ ကျောင်းသား ၇ ယောက် နဲ့ ကျောင်းသူ ၃၂ ယောက်ရှိတယ်။
အားလုံးက ကျောင်းအိပ်ကျောင်းစား ဖြစ်ပါတယ်။
ကိုရင်၊ ကျောင်းသား၊ ကျောင်းသူတွေ က အတန်းပညာ တက် ရောက်သင်ယူ နေကြတယ်။
သူငယ်တန်းက လေးတန်းထိကိုတော့ ဘုန်းကြီးကျောင်းမှာပဲ ဘ/က ပညာရေးသင်ကြား ရတယ်။
ငါးတန်းက တက္ကသိုလ်ထိကိုတော့ သက်ဆိုင်ရာကျောင်းများမှာ ထားပေးပါတယ်။
ကလေးတွေရဲ့ ပညာရေးကို ဦးစားပေးဆောင်ရွက်ပေးနေပြီး
ကလေးတွေရဲ့ ပညာရေးကို ဦးစားပေးဆောင်ရွက်ပေးနေပြီး
ကျန်းမာရေးအတွက် ဆေးဝါးဓာတ်စာနဲ့ အားကစားပစ္စည်းများ လိုအပ်ချက် တွေရှိနေပါတယ်။
ဆွမ်းစားဆောင်မှာပဲ ကလေးတွေ ညအိပ်ရတာမို့ အိပ်ဖို့ နေရာထိုင်ခင်း အပြည့်အစုံမရှိသေးပါဘူး။
နေ့စဉ်လိုအပ်ချက်အတွက် ဖြည့် ဆည်းပေးဖို့တိုက်တွန်းချင်ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်အနေနဲ့ တစ်နေ့တာ အဟာရ အတွက် ဒါနပြုပါမယ်။
ဆရာဝန်တွေအကူအညီနဲ့ တကိုယ်ရေ ကျန်းမာရေး စစ်ဆေး ပေးပါမယ်။
အားဆေး၊ ဖျားနာပျောက်ဆေး၊ ယားယံလိမ်းဆေး အစရှိတဲ့ လိုအပ်တဲ့ဆေးဝါးတွေကို ဖြည့်တင်းပေးပါမယ်။
အအေးဒဏ်ကို ကာကွယ် နိုင်မယ့် အနွေးထည်တွေကို ကုသိုလ်ပြုပါမယ်။
စိတ္တသုခပရဟိတလူငယ်နဲ့အတူ ကုသိုလ်ပါဝင်လိုတယ် ဆိုရင် အောက်ကစိတ္တသုခပရဟိလူငယ်များနဲ့ဆက်သွယ်လိုက်ပါ။
ကိုမန်းမောင် (၀၂-၉၁၀၂၈၂၁၇)
ကိုမောင်ဦး(၀၉-၂၀၂၀၀၉၈)
ကိုဖိုးရှမ်း (၀၉-၄၉၂၇၀၆၃၇)
ကိုသန်းဇော်(၀၂-၉၁၀၀၁၈၄၅)
ကိုကျော်မင်းဦး(၀၂-၉၁၀၂၇၁၄၇)
ကိုဘဦး(၀၉-၂၀၂၇၅၇၄)
မသီတာအောင် (၀၂-၉၁၀၁၈၈၅၇)
မကြူးကြူး (၀၉-၂၀၀၄၁၅၉)၊
email နဲ့ဆက်သွယ်မယ်ဆိုရင်
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
12:19 AM
0
comments
Subscribe to:
Posts (Atom)
























