Monday, June 11, 2007

အလှူအတွက် ဒီလိုပြင်ဆင်ကြတယ်


စိတ္တသုခ-ပရဟိတလူငယ်များရဲ့ အလှူအတွက်
လွယ်အိတ်များမှာ တံဆိပ်ကပ်တာချုပ်တာတို့ လွယ်အိပ်ကို ချုပ်ရိုးပြန်လိုက်တာတို့ကို
ကိုဘဦးရဲ့ အိမ်မှာဆောင်ရွက်ပါတယ် . .

အဲဒီလိုပဲ ထမင်းဗူး၊ ကွန်ပါဗူးများမှာလဲ . . စတစ်ကာကပ်ပါတယ် . . .

အဲလိုလုပ်ကြတာကို မြင်ပြီး အလှူငွေ ငါးသောင်းကျပ် ဒီကနေ့ ကျွန်တော်ရှိနေစဉ်ပဲ လှူဒါန်းသွားတာ တွေ့ရပါတယ် . .
လွယ်အိတ်များက ချုပ်ရိုးချုပ်သားမကောင်းတော့ ပြန်လိုက်ပေးရပါတယ် . .
အဲလိုပဲ ပစ္စည်းများအားလုံးကို အရည်အသွေးကောင်းအောင် ကြိုးစားစိစစ်ထားပါတယ် . .
အဲလို ၀ိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ ကိုဘဦးရဲ့ အဖေ၊ အမေ၊ အစ်မနဲ့ ကွန်ပျူကဲ သင်တန်းကျောင်းက ဆရာမများ၊ စိတ္တသုခ လူငယ်များ အားလုံး ကျေးဇူးတင်လျက်ပါ . .




No comments: