Thursday, November 20, 2008

ပထမအကြိမ် ကထိန်

ဒီနှစ်တော့ ကထိန်အလှူလုပ်ဖြစ်တယ် ...

စိတ္တသုခ ပရဟိတ လူငယ်များ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ကို နိုဝင်ဘာ ၈ရက်
နံနက် ၁၀နာရီ က ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် အရှေ့ဘက်ရှိ အောင်ချမ်းသာ
တောရကျောင်းမှာ ကျင်းပပါတယ်။

ဦးစွာ သံဃာတော် ငါးပါးအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီးနောက် ကထိန်ရေစက်ချတရား
နာယူကြည်ညို ကြပါတယ်။

အဲဒီနောက် အောင်ချမ်းသာတောရ ဆရာတော် ထံသို့ ကထိန်လျာသင်္ကန်းကပ်လှူကြပြီး
ရေစက်ချ အနုမောဒနာခေါ်ဆိုကြပါတယ်။

စိတ္တသုခပရဟိတလူငယ်များစုပေါင်းပြီး အောင်ချမ်းသာတောရ ကျောင်းရှိ
ဆရာတော်နှစ်ပါးနှင့်ပင့်သံဃာသုံးပါးတို့အား စုစုပေါင်း ငွေကျပ်
၁၅သိန်းကျော်တန်ဖိုးရှိ လှူဖွယ် ပစ္စည်းများနှင့်ဝတ္ထုငွေများ
ဆက်ကပ်လှူဒါန်းပါတယ်။

No comments: