Friday, May 25, 2007

ခရီးစဉ်

စိတ္တသုခ-ပရဟိတလူငယ်တို့ ဇွန် ၁၄ရက် သွားလှူတဲ့အခါမှာ
စစ်ကိုင်း မြရတနာရပ် အမှတ်(၂၅) အမက ကျောင်းကို အရင်သွားပါမယ် . .
အဲဒီမှာ လှူဒါန်းခြင်း အစီအစဉ်များ ပြုလုပ်ပါမယ် . . .

အလှူအောင်မြင်ပြီ ဆိုရင်တော့
ကျွန်တော်တို့ ကံတလူဘုရားကို သွားပါမယ် . .. အဲဒီက အပြန် ကောင်းမှုတော် ဘုရားဝင်ပါမယ် . . .

အချိန်ရရင် တောင်သမန် ဦးပိန်တံတား ၀င်ပါမယ် . . . .

ကြားထဲ မှာ ထမင်းစားဖို့ စီစဉ်နေပါတယ် . .

အခုတော့ လူ၅၀ဆံ့တဲ့ ကားငှားဖို့ ပြောထားပါတယ်
ကားခကို အားလုံး ကျသင့်သလောက် စုပြီး ပေးကြပါမယ် . ..
ထမင်းစားတာကိုလည်း အဲလိုပါပဲ ကိုယ့်စားရိတ်နဲ့ကိုယ်ပေါ့ . .
အလှူရှင်ပေါ်ရင်တော့ တစ်မျိုးပေါ့ . . .

အလှူငွေထဲက တတ်နိုင်သမျှ အသုံးစရိတ်ကို မသုံးဖို့ ဆုံးဖြတ်ထားပါတယ် . ..

မနက်ဖြန် ကျွန်တော်တို့ စစ်ကိုင်း အမက (၂၅)ကို ရောက်ဖြစ်မယ်ထင်တယ် . . .
အဲဒီကျမှ ကျောင်းသား၊ကျောင်းသူ စာရင်း အတိအကျ တင်ပေးပါ့မယ် . . .

No comments: