Monday, May 19, 2008

မော်ကျွန်းကို လေ့လာရေးသွားသူများ ပြန်ရောက်ပြီ

စိတ္တသုခပရဟိတလူငယ်များမှ မော်လမြိုင်ကျွန်းမြို့သို့ ကွင်းဆင်းလေ့လာရေးသွားရောက်ခဲ့ကြရာ
ယနေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
စိတ္တသုခပရဟိတလူငယ်များအနေဖြင့် မော်လမြိုင်ကျွန်းဒေသသို့ သွားရောက်လေ့လာပြီး
ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ကျွန်းတွင် မူလတန်းကျောင်းတစ်ခုအား
ပြန်လည်ဆောက်လုပ်ပေးရန် စိစဉ်ခဲ့ပါသည်။
မိမိတို့ တတ်နိုင်သည့် ဓနိမိုးသက်ကယ်မိုး၊ ထရံကာ အဆောက်အအုံကို ဆောက်လုပ်ပေးရမည်ဖြစ်ပါသည်။
ထိုထက်ပိုပြီး လှူဒါန်းချင်ပါသည်။
ထို့ကြောင့် ပါဝင်လှူဒါန်းပေးကြပါရန် နှိုးဆော်အပ်ပါသည်။

No comments: