Monday, May 21, 2007

စစ်ကိုင်း မြရတနာ အမကကျောင်း

စစ်ကိုင်းမြို့၊ မြရတနာရပ်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း

အဲဒီကျောင်းက ကျောင်းသား၊ကျောင်းသူများရဲ့ ဘ၀က သနားစရာပါဗျာ . .








လူချင်းတူတူ အခွင့်အရေး တန်းတူမရခဲ့တဲ့ သူတွေပါ . . .
တစ်ချိန်က လူတွေရဲ့ အပစ်ပယ်ခံ လူတွေပေါ့ . .

သူတို့ဘ၀ ကို ကယ်တင်အလင်းရောင်ပေးခဲ့ကြပေမယ့် မပြည့်မစုံနဲ့အခုအချိန်အထိ လူတွေကြားမှာ
လူတိုင်းနဲ့ ပုခုံးချင်းယှဉ်မနေနိုင်ကြဘူးလေ . .

သူတို့ကလေးတွေရဲ့ မိဘတွေမှာ ရှိခဲ့တဲ့ ပြစ်ချက်က သူတို့အတွက် ပိတ်ပင်မှုကြီး ဖြစ်နေကြတယ်.
သူတို့ ကျောင်းနေမယ်ဆိုတော့ ကျောင်းကလက်မခံချင်ကြဘူးလေ . .
ကလေးငယ်တွေရဲ့ ဘ၀ကို အရိပ်မည်းကြီးက အုပ်မိုးနေတာလေ . . .

ဒါနဲ့ပဲ ဒီမူလတန်းကျောင်းလေး ဖြစ်လာခဲ့ရတာ . .

ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်ရှိပါတယ် . .
အားလုံးက တစ်ရွာထဲက ပါ . .

စာနာမှုမရှိတဲ့ လူတွေက ပစ်ပယ်ထားကြတယ် . . .
စာနာတတ်သူတွေက ကူညီကယ်တင်တယ် . .

သူတို့ဘ၀လေးတွေ အရောင်ပြောင်းပြီး ဘ၀ကို တည်ငြိမ်စွာ တည်ဆောက်နိုင်ဖို့က စာနာနားလည်သူတွေ အများကြီးလိုအပ်နေပါတယ် . . .

ခင်ဗျားရော သူတို့အပေါ် စာနာနိုင်မလား . . .

သူတို့က သန့်စင်တဲ့ ပန်းလေးတွေပါ . .
သူတို့ ရဲ့ မိဘ အဘိုးအဘွား များရဲ့ အရိပ်မည်းက သူတို့ကို ညှိုးနွမ်းစေခဲ့တယ်လေ . . .

သူတို့က အနာကြီးရောဂါဆိုတဲ့ တစ်ချိန်က ကြောက်ကြတဲ့ ရောဂါသည်တို့ရဲ့ သား၊သမီးတွေပေါ့ . .
အခုတော့ ပျောက်ကင်းသွားတဲ့ ရောဂါဆိုး . . .
ဒါပေမယ့် အရိပ်မည်းက ကျန်နေဆဲပါ . .

အဲဒီအရိပ်မည်းကြီးကို ကျွန်တော်တို့ ၊ ခင်ဗျားတို့ရဲ့ စေတနာ မေတ္တာနဲ့ ဖယ်ရှားကြရအောင်လားဗျာ . .

ကျွန်တော်တို့နဲ့ အတူ ပါဝင်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ ငွေအား၊ လူအား အကြင်နာ မေတ္တာတွေကို ပြသပြီး

ကလေးငယ်တွေပေါ် ဖုံးလွှမ်းနေတဲ့ အရိပ်မည်းကြီးကို မေတ္တာတရားဆိုတဲ့ အလင်းရောင်ခြည်ပေးရအောင်ဗျာ . . .

ပါဝင်လှူဒါန်းမယ်ဆိုရင် ဘလော့မှာ ၀င်ရေးခဲ့လည်းရပါတယ် ........

နောက်မေးလ်ပို့လည်းရပါတယ်ဗျာ . .
cittasukha@gamil.com


သြော်
ကျွန်တော်တို့ ဇွန်လ ၁၄ရက်နေ့လောက်သွားလှူမယ်ဗျာ . .
ကိုယ်တိုင် လိုက်ခဲ့လို့ရတယ်နော် . .

လိုအပ်နေတာက မေတ္တာတရားပါ . . .


လူသားချင်းတူပေမယ့် လူတွေက လက်မခံသော ကလေးငယ်များအတွက် . . .
မေတ္တာရောင်ခြည် ပေးကြရအောင်ဗျာ . . .

1 comment:

Konge said...

What an esteem job!
~~Appreciate and value your actions~~
Hope to see you soon in Myanmar,,(May be 1st week of Aud2007)